vitamin D ချို့တဲ့ခြင်းအကြောင်း

ဘာကြောင့် Vit D ချို့တဲ့ရတာပါလဲဆိုရင်


1- ကာလကြာရှည် လုံလောက်သော ဗီတာမင် D ရအောင် မစားသုံးနိုင်ခြင်း ( ဥပမာ သတ်သတ်လွတ်စားသူများ)
2- နေရောင်နဲ့ထိတွေ့မှုနည်းခြင်း (ဥပမာ အိမ်ထဲ (သို့) နေရောင်မရသောအခန်းတွင်အနေများသူများ၊ ကမ္ဘာ့မြောက်ခြမ်းတွင်နေထိုင်သူများ၊ တကိုယ်လုံးကို အဝတ်များ ဖုံးအုပ်ဝတ်ဆင်ရသော လူမျိုးများ)
3- အသားညိုသူများရဲ့ အရေပြားမှာ မယ်လနင်ဓာတ်များပါတယ်။ မယ်လနင်ဓာတ်ဟာ နေရောင်ခြည်နဲ့ထိတွေ့တဲ့အခါ Vit D ထုတ်လုပ်ခြင်းကို ဟန့်တားတဲ့အာနိသင် ရှိပါတယ်။ ဒါကြောင့်အသားညိုသူတွေမှာ Vit Dထုတ်လုပ်နိုင်စွမ်း ကျဆင်းသွားပြီး Vit Dချို့တဲ့နိုင်ပါတယ်
4- ကျောက်ကပ်ကနေ သာမန် Vit Dမှ အစွမ်းထက် Vit D အဖြစ်ကို ပြောင်းနိုင်စွမ်း မရှိတဲ့အခါမှာလည်း သွေးတွင်း Vit D ချို့တဲ့နေတတ်ပါတယ်။ (ဥပမာ အသက်အရွယ် ရလာခြင်း)
5- အစာခြေလမ်းကြောင်း အူနံရံမှ Vit D စုပ်ယူနိုင်မှု ကျဆင်းခြင်း ကြောင့်လည်း ချို့တဲ့နိုင်ပါတယ်။ (ဥပမာ အူလမ်းကြောင်းရောဂါများရှိခြင်း)
6- အဝလွန်ခြင်း (သို့) ခန္ဓာကိုယ်ထုအညွှန်းကိန်း 30နဲ့ အထက်ရှိသူများမှာလည်း ချို့တဲ့နိုင်ပါတယ်။

Vitamin D ချို့တဲ့သော လက္ခဏာများ

✴ အရိုးနှင့်ကြွက်သားများနာကျင်ခြင်း
✴ ခေါင်းချွေးထွက်ခြင်း နှင့် ဆံပင်အလွန်ကျွတ်ခြင်း
✴ နုံးချိမောပန်းလွယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း
✴ အနာကျက်နှေးခြင်း
✴ ကိုယ်ခံအားကျပြီးမကြာခဏနေမကောင်းဖြစ်ခြင်း
✴ သွေးတိုးခြင်း

Vit D ပမာဏကို သွေးဖောက်စစ်ဆေးခြင်းဖြင့် သိနိုင်ပါတယ်။ ပုံမှန်အားဖြင့် 20-50ng/ml ရှိသင့်ပြီး 12ng/ml အောက်ဆိုရင်တော့ Vit D ချို့တဲ့နေတယ်လို့ သတ်မှတ်ပါတယ်။