BMI(body mass index)

ဒီနေ့တော့ BMI(body mass index) ဆိုတဲ့ မိမိအရပ်နဲ့ကိုယ်အလေးချိန် အချိုးအစားတွက်ချက်ခြင်းဖြင့် ကျန်းမာရေးအခြေအနေကို ခန့်မှန်းလို့ရတဲ့အကြောင်းမျှဝေပေးပါမယ်ရှင်။

BMIကိုတွက်ချက်ဖို့အတွက် မိမိအရပ်နဲ့ကိုယ်အလေးချိန်ကို အရင်တိုင်းတာရပါတယ်။

ပုံသေနည်းကတော့

BMI=weight in kg ကို height in meters square နဲ့ စားပြီးတွက်ရမှာဖြစ်ပါတယ်။ တွက်ပြီးရလာတဲ့အဖြေကို WHOဆိုတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကသတ်မှတ်ထားတဲ့ အဆင့်နဲ့ပြန်ပြီးချိန်ကိုက်ရမှာပါ။

BMI 25 မှ 29.9 နဲ့ ကြားရှိရင် ကိုယ်အလေးချိန်လွန်ကဲပါတယ်။

BMI 30 နဲ့ အထက်ဆိုရင် အဝလွန်ရောဂါရှိပါတယ်။

BMI 18.5 မှ 24.9 နဲ့ ကြားရှိရင်ကျန်းမာတဲ့အနေအထားပါ။

BMI 18.5 အောက်ရှိရင်တော့ ရှိသင့်တဲ့ကိုယ်အလေးချိန်ထက် လျော့နည်းနေတာပါ။

BMI ရှိသင့်တာထက်များနေရင်

▪သွေးတွင်းအဆီဓာတ်မြင့်ခြင်း
▪အမျိုးအစား ၂သွေးချိုဆီးချို ရောဂါ
▪နှလုံး၊သွေးတိုးရောဂါ
▪လေဖြတ်ခြင်း
▪အချို့သောကင်ဆာရောဂါများ
▪သည်းခြေအိတ်မှာဖြစ်သောရောဂါ
▪အိပ်နေစဉ်အသက်ရှူ ရပ်ရပ်သွားခြင်း နှင့် ဟောက်ခြင်း
▪အချိန်မတိုင်မီသေဆုံးခြင်း
▪အရိုးအဆစ်ရောင်ရမ်းရောဂါဖြစ်ခြင်းများဖြစ်နှုန်းမြင့်စေပါတယ်။

BMI ရှိသင့်တာထက်နည်းနေရင်တော့

▪အရိုးကျိုးလွယ်ခြင်း
▪ရာသီမမှန်ခြင်း၊ကိုယ်ဝန်ရရန်ခက်ခြင်း
▪ဆံပင်ကျွတ်ခြင်း၊ခုခံအားနည်းခြင်း
▪သွေးအားနည်း မူးဝေခြင်း
▪ကလေးများတွင် ကြီးထွားဖွံ့ဖြိုးမှုနှေးခြင်းများဖြစ်နိုင်ပါတယ်။

ဒါကြောင့် မိမိရဲ့ BMIကိုတွက်ချက်တတ်ပြီး ဖြစ်လာနိုင်တဲ့ရောဂါတွေကို ကြိုတင်ကာကွယ် ကြိုတင်စစ်ဆေးနိုင်ပါတယ်။